ThagayaSlide1.jpeg
Shadow

စက်မှုသင်တန်းကျောင်း (သာဂရ) သမိုင်းအကျဉ်းချုပ်

 

ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့ကို Korea International Cooperation Agency – KOICA အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းကျောင်း တည်ထောင်ရေးဆိုင်ရာ Record of Discussion (ROD)ကို၃၀-၇-၂၀ဝ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

 

မြန်မာနည်းပြ (၁၆)ဦးအား Instructor Course (၄)လနှင့် ရက်သတ္တ(၂)ပတ်ကြာ Administrator Course များအဖြစ် မြန်မာဝန်ထမ်း (၅)ဦးကို ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

 

သင်တန်းကျောင်းကို ၂၅-၂-၂၀ဝ၉ ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်စဉ်(၁)သင်တန်းကို ၁၀-၈-၂၀ဝ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ကိုရီးယားပညာရှင်(၄)ဦး လာရောက်ပြီး (၁)ဦးမှာ (၁)နှစ်ကာလ၊ ကျန်(၃)ဦးမှာ သင်တန်းကျောင်း၌ (၆)လ နေထိုင်၍ နည်းပြများအား လမ်းညွှန်ပြသခဲ့ပါသည်။

 

 

အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)သည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ စက်မှုနယ်မြေတွင် တည်ရှိပါသည်။ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ (၂.၃)သန်းနှင့် နိုင်ငံတော်မှ စိုက်ထုတ်ငွေကျပ် (၃၃၉၃.၂၆၆)သန်းဖြင့် အကောင်အထည်ဖော်ခဲ့ပါသည်။ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဘာသာရပ်များမှာ -

 

(၁) စက်ရုံပစ္စည်းပညာသည်သင်တန်း(Machinery Course)

(၂) ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်သူသင်တန်း(CAD/CAM Course)

(၃) လျှပ်စစ်ပညာသည်သင်တန်း(Electrical Fitter Course)

(၄) အီလက်ထရောနစ်ပညာသည်သင်တန်း(Electronic Course)

(၅) သတ္တုရည်ကျိုလုပ်သားသင်တန်း(Foundry Course)

 

အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)တွင် Foundry Course ကို တိုးချဲ့သင်ကြား နိုင်ရေးအတွက် (ဝ.၈၅)သန်း တန်ဘိုးရှိသော အထောက်အပံ့ရရှိရေးဆိုင်ရာ Record of Discussion (ROD) ကို ၂၅-၁၀-၂၀၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ Foundry Shop အတွက် နိုင်ငံတော်မှ စိုက်ထုတ်ငွေမှာ (၂၀၉.ဝ၇၇) ကျပ်သန်း ဖြစ်ပါသည်။

 

Foundry Shop လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ၇-၁၂-၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ် နိုင်ခဲ့ပြီး မြန်မာနည်းပြ (၄)ဦးအား ကိုရီးယားသမ္မတ နိုင်ငံတွင် (၃)လ ပညာသင်ကြားပေးခဲ့ပြီး ကိုရီးယားမှ Foundry ကျွမ်းကျင်ပညာရှင် (၃)ဦးမှာလည်း (၄)လ လာရောက် နေထိုင်ပြီး မြန်မာနည်းပြများနှင့် ပူးပေါင်း၍ Foundry Course အား ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ သို့ဖြစ်၍ Foundry Course ကို ၂၀၁၃-၂၀၁၄ လေ့ကျင့်ရေးနှစ်၊ သင်တန်းအမှတ်စဉ် (၅)မှ စတင်ပြီး ဖွင့်လှစ်နိုင်ခဲ့ကြောင်း တင်ပြအပ်ပါသည်။